Pam&Paul အတန်းမှာ အိမ်မွေးတိရစ္ဆာန်တစ်ကောင်ကို မွေးမြူပြီး စနစ်တကျ ပြုစုစောင့်ရှောက်နည်းကို လေ့လာရပါမယ်။ Ben&Brenda အတန်းမှာတော့ အင်္ဂလိပ်စာကို ကျွမ်းကျင်ပိုင်နိုင်စွာ လေ့လာရင်း စိန်ခေါ်မှုများကို ရင်ဆိုင်ကာ စူပါဟီးရိုးတစ်ဦးအဖြစ် ပြောင်းလဲနိုင်မယ့် စွမ်းအားတွေ ဘယ်လိုပိုင်ဆိုင်ရမလဲ လေ့လာရမှာ ဖြစ်ပါတယ်။
သင်ယူမှုအတွက် နည်းပညာနှင့် ပညာရေးဆိုင်ရာ ဆန်းသစ်တီထွင်မှု
Kids&Us ရဲ့ ပညာရေးဝန်ဆောင်မှုက Personalized သီးသန့်ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ ကြပ်မတ်ထားတဲ့ အတွေ့အကြုံကို ပေးနိုင်ဖို့ ဉာဏ်ရည်တုနည်းပညာ (AI) နဲ့ Affective Computing တို့ကို ပေါင်းစပ်အသုံးပြုထားပါတယ်။ ကျောင်းသားများအကြား အပြန်အလှန် ဆက်သွယ်မှု၊ အသုံးပြုချိန်နှင့် ပါဝင်သည့်အကြောင်းအရာများကို ထိန်းချုပ်ထားပြီး ပညာရေးအတွက် အထောက်အပံ့ဖြစ်ပြီးတာဝန်ယူမှုရှိတဲ့ ပုံစံဖြစ်အောင် ဖန်တီးထားပါတယ်။
My Way နဲ့ စာသင်ခန်းအတွင်း သင်ခန်းစာများဆက်နွယ်မှု
My Way Application အသုံးပြုခြင်းကို အရံလုပ်ဆောင်ချက်တစ်ခုအနေနဲ့မဟုတ်ဘဲ သင်ယူမှုခရီးစဉ်၏ အဓိကအစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ထားတာ ဖြစ်ပါတယ်။ My Way မှာ အတန်းတွင်း သင်ကြားမှုတွေကို ပြန်လှန်လေ့လာပြီး အိမ်မှာ တယောက်ချင်း Challenge တွေ၊ Mission တွေ လုပ်ဆောင်ရင်း သင်ကြားရေးအတွေ့အကြုံများ ရရှိမှာဖြစ်ပါတယ်။
တစ်ယောက်ချင်း အာရုံစိုက်တဲ့သင်ကြားရေးအတွေ့အကြုံ
ကျောင်းသားတစ်ယောက်ချင်းမှာ ကိုယ်ပိုင်သင်ယူမှုပုံစံတွေ ရှိပါတယ်။ My Way နဲ့ ဆိုရင် ကလေးတစ်ယောက်စီရဲ့ သင်ယူမှုပုံစံနဲ့ ကိုက်ညီစေဖို့ လုပ်ဆောင်ချက်တွေနဲ့ ရည်ရွယ်ချက်တွေကို သင်ထောက်ကူပစ္စည်းများကို ပြုပြင်ပြောင်းလဲပေးပါတယ်။
ဆော့ကစားခြင်းက လေ့လာခြင်း
အင်္ဂလိပ်စာကို သဘာဝအတိုင်း အထိရောက်ဆုံး သင်ယူနိုင်ဖို့ ဆော့ကစားခြင်းကို အသုံးပြုထားပါတယ်။ စိတ်လှုပ်ရှားဖို့ကောင်းပြီး လက်တွေ့ကျတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။